Yaung Phaw (ရောင်းဖော် AI) ကို သုံးတဲ့အခါ ဒီစည်းကမ်းချက်တွေကို လက်ခံပြီးဖြစ်ပါတယ်။ ဝန်ဆောင်မှုကို Knowledge Key Co., LTD. က ပေးပါတယ်။
By using Yaung Phaw ("ရောင်းဖော် AI"), provided by Knowledge Key Co., LTD., you agree to these terms.
Yaung Phaw က ဆိုင်တွေအတွက် Messenger၊ Telegram၊ Viber၊ Website chat မှာ customer ကို AI နဲ့ ဖြေပေး၊ order နဲ့ booking ယူပေး၊ stock နဲ့ ငွေစစ်ရန် စီမံပေးတဲ့ software ဖြစ်ပါတယ်။
Yaung Phaw is software that helps shops answer customers with AI on Messenger, Telegram, Viber and website chat, take orders and bookings, and manage stock and payments.
Account အချက်အလက်ကို မှန်ကန်စွာ ပေးရပါမယ်။ Password ကို လျှို့ဝှက်ထားဖို့နဲ့ ကိုယ့်ဝန်ထမ်းတွေရဲ့ လုပ်ဆောင်ချက်တွေအတွက် ဆိုင်ရှင်က တာဝန်ယူရပါတယ်။
You must provide accurate information, keep your password secure, and are responsible for actions taken by your staff accounts.
AI က ဆိုင်က ထည့်ပေးထားတဲ့ ကုန်ပစ္စည်း၊ ဈေးနှုန်း၊ AI အသိပညာ ပေါ်မူတည်ပြီး ဖြေပါတယ်။ AI က အမှားဖြေနိုင်တာကြောင့် ဆိုင်ရှင်က အချက်အလက်ကို မှန်အောင် ထိန်းပြီး အရေးကြီးတဲ့ order တွေကို စစ်ဆေးရပါမယ်။ AI က ငွေလက်ခံရရှိကြောင်း ဘယ်တော့မှ အတည်မပြုပါ — ငွေစစ်တာကို ဆိုင်ဝန်ထမ်းက လုပ်ရပါတယ်။
AI replies are based on the products, prices and knowledge the shop provides. AI can make mistakes; the shop is responsible for keeping its information accurate and reviewing important orders. The AI never confirms that a payment has been received — payment verification is always done by shop staff.
You may not use the service to sell illegal goods or services, commit fraud, send spam, violate the policies of Meta, Telegram or Viber, or attempt to break into the system or access other shops' data.
ရွေးထားတဲ့ Plan ကို ကြိုတင် ငွေပေးချေပြီး Yaung Phaw Team က ငွေဝင်တာ စစ်ဆေးအတည်ပြုမှ စတင် အသုံးပြုလို့ရပါတယ်။ သက်တမ်းကုန်ပြီး မသက်တမ်းတိုးရင် AI ဖြေကြားမှု ရပ်သွားနိုင်ပါတယ်။ Plan တစ်ခုချင်းမှာ လစဉ် AI ပြန်စာ၊ အသံဖိုင်နဲ့ Customer စာအရှည် ကန့်သတ်ချက် ရှိပါတယ်။ ကန့်သတ်ချက် ပြည့်ရင် AI ပြန်စာ အပို (Top-up) ဝယ်နိုင်ပြီး Top-up က ဝယ်တဲ့လ ကုန်အထိ သုံးလို့ရပါတယ်။ AI ဝန်ဆောင်မှုပေးသူ ဈေးနှုန်း သို့မဟုတ် ငွေလဲနှုန်း ပြောင်းလဲမှုကြောင့် Plan ဈေး ပြောင်းရင် နောက်တစ်ကြိမ် သက်တမ်းတိုးချိန်ကစ သက်ရောက်ပါတယ်။ ပေးပြီးသားငွေ ပြန်အမ်းခြင်းကို တစ်ခုချင်း စဉ်းစားပေးပါတယ်။
The chosen plan is paid in advance and starts once the Yaung Phaw team has checked the payment. If a subscription expires and is not renewed, AI replies may stop. Each plan has monthly limits on AI replies, voice messages and customer message length. When a limit is reached, AI top-ups can be bought; a top-up lasts until the end of the month it is bought in. If plan prices change because of AI provider prices or exchange rates, the new price applies from the next renewal. Refunds are considered case by case.
ဆိုင်ရဲ့ data က ဆိုင်ပိုင်ပါ။ Google Sheets / Notion ကို backup ကူးနိုင်ပါတယ်။ Data ကို ဘယ်လို ကိုင်တွယ်သလဲဆိုတာ Privacy Policy မှာ ဖော်ပြထားပါတယ်။
Your shop's data belongs to you. You can back it up to Google Sheets or Notion. See our Privacy Policy for how data is handled.
ဝန်ဆောင်မှုကို အကောင်းဆုံး ပေးဖို့ ကြိုးစားပေမယ့် အမြဲတမ်း အမှားကင်း၊ ရပ်ဆိုင်းမှု ကင်းမယ်လို့ အာမ မခံနိုင်ပါ။ Meta၊ Telegram၊ Viber၊ AI provider တွေ ပြဿနာ ဖြစ်တာ၊ AI အဖြေကြောင့် ဖြစ်တဲ့ တိုက်ရိုက်မဟုတ်တဲ့ ဆုံးရှုံးမှုတွေအတွက် ကျွန်တော်တို့ တာဝန်ယူနိုင်မှု ကန့်သတ်ချက်ရှိပြီး အများဆုံး နောက်ဆုံး ၃ လ ပေးခဲ့တဲ့ ကြေးအထိ ဖြစ်ပါတယ်။
We aim for reliable service but do not guarantee it will be error-free or uninterrupted. We are not liable for outages of Meta, Telegram, Viber or AI providers, or for indirect losses arising from AI replies; our total liability is limited to the fees paid in the previous three months.
ဆိုင်ရှင်က အချိန်မရွေး ရပ်နိုင်ပါတယ်။ ဒီစည်းကမ်း ချိုးဖောက်ရင် account ကို ရပ်ဆိုင်းနိုင်ပါတယ်။
You may stop using the service at any time. We may suspend accounts that violate these terms.
စည်းကမ်းချက်တွေကို ပြင်ရင် ဒီစာမျက်နှာမှာ ကြေညာပါမယ်။ မြန်မာနိုင်ငံ ဥပဒေအတိုင်း လိုက်နာပါတယ်။
We will post changes on this page. These terms are governed by the laws of Myanmar.
Knowledge Key Co., LTD. · Telegram @yaungphaw_bot · yaungphaw.com